"သိသင့်တယ်" သူငယ်ချင်း မင်းတို့သိတာ ရွှေရောင်အပွင့်လေးတွေပဲ။ ဒီအပွင့်လေးတွေ မတောက်ပဘဲ ကြွေလွင့်သွားတတ်ကြတယ်။ မင်းတို့မြောက်ကြွားကြွားနဲ့ အပြင်မှာတွေ့မယ် မာန်တက်နေတယ်လို့ထင်ရင်ထင်မယ်။ ဒါပေမယ့် မဟုတ်ဘူး ငါတို့ကိုက စစ်ပုံကျနေတာ။ ဒီအပွင့်တွေက မင်းတို့သောက်တဲ့ ဘီယာတစ်ဝိုင်းစာမရှိဘူး။ ဒါပေမယ့် ငွေကြေှးရဲ့အောက်က သူထမ်းဆောင်ရတဲ့ တာဝန်တွေရှိတယ်။ ကောင်မလေးတွေ ကြိုက်ကြတယ် ဒီအဆင်လေးတွေကို ဒါပေမယ့် ပါရမီဖြည့်ဘက်ဆိုတဲ့ ချစ်သူဇနီးဖြစ်ပြီးမှ ကြွေလို့ ငိုနေရတာတွေရှိတယ်။ စစ်ဆိုရင် ရေတောင်စစ်မသောက်ချင်ဘူးလို့ ပြောမယ် သိတယ်။ ပင်ပန်းမယ်၊ ဆင်းရဲမယ်၊ ကြမ်းတမ်းမယ်၊ သေမယ်ဆိုတာတွေကို သိတယ်။ ဒါပေမယ့် ဒီတိုင်းပြည်အတွက် အပွင့်တွေ၊ အခက်တွေ ရှိနေရမယ်။ မင်းတို့ဝတ်တဲ့ အ၀တ်အစားတန်ဖိုးနဲ့ ဆယ်ဆကွာလိမ့်မယ်။ ဒါပေမယ့် ဒီယူနီဖောင်းကို ၀တ်မိမှ တိုင်းပြည်အတွက် လိုအပ်ချက်၊ လုပ်ပေးသင့်တာတွေကို ပိုသိလာရတယ်။ အပွင့်တွေ၊ အခက်တွေ၊ စစ်ကားတန်းကြီးတွေ အင်အား အပြည့်နဲ့ စိုးရိမ်ပူပန်မှုမရှိတဲ့ သူတွေကို မြင်ခဲ့လိမ့်မယ်။ ဒါပေမယ့် တစ်နေရာမှာ သူ့မိဘတွေ၊ သူ့မိသားစုတွေ ပူပန်နေတယ်။ ကုန်ကုန်ပြောရရင်ကွာ လူတွေက ဒီအပွင့်လေးတွေကိုပဲ သာမန်ကြည့်ကြတယ်။ ဒါပေမယ့် သူတို့မှာ ကြီးလေးတဲ့ တာဝန်တွေရှိတာကို မမြင်ကြဘူး။ ဒါတွေဘယ်လိုကွာခြားလဲ။ ငါတို့လည်း သစ္စာလေးချက် တိုင်းပြည်အတွက် အသက်ကို အပ်နှံပေးပြီး နှစ်နှစ်ကာကာ သိလာတာ တစ်ကယ်တော့ ချိုမလိုနဲ့ ခါးပါတယ်။ ဒီခါးစိမ့်စိမ့်ဒဏ်တွေကို သိလာလေလေ အမိမြေကို ကာကွယ်ဖို့ ပိုတွေးခဲ့မိလေပါဘဲ။ ဒါတွေကို ပုခုံးပေါ်က ကြယ်ပွင့်လေးတွေ အသိဆုံးပါ။ (တိုင်းပြည်နဲ့ လူမျိုးအပေါ် ကာကွယ်စောင့်ရှောက်ရင်း အသက်များပေးလှူသွားကြသော နောင်တော် သူငယ်ချင်းများအား ရည်စူးလျှက်) (၂၁.၃.၁၄) "သိသင့်တယ်" သူငယ်ချင်း မင်းတို့သိတာ ရွှေရောင်အပွင့်လေးတွေပဲ။ ဒီအပွင့်လေးတွေ မတောက်ပဘဲ ကြွေလွင့်သွားတတ်ကြတယ်။ မင်းတို့မြောက်ကြွားကြွားနဲ့ အပြ... Read more » 3:25 PM