ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။
ဆရောဇ်ာဂျီ
ကျေးဇူးတင်စရာ အလွန်ကောင်းတဲ့ ဆရာကြီးပါ။ အမျိုးသားရေးအတွက် ခံယူထိုက်မယ်ဆို အင်မတန် တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုကို ပေးစွမ်းခဲ့လို့ပါ။ အခုအခါ ကျွန်တော်တို့သာ လိုက်နာနိုင်ခဲ့မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲ။ စာရေးသူကတော့ အတတ်နိုင်ဆုံး လိုက်နာနိုင်အောင် ကြိုးစားနေပါတယ်။ စာဖတ်သူတွေရော ဘယ်လောက်ထိ တိုင်းပြည်အပေါ်၊ နိုင်ငံအပေါ် တာဝန်ကျေပြီးပြီလဲဆိုတာကို ခဏလေး အချိန်ပေးပြီး တွေးကြည့်လိုက်ပါ။ ငါ ဆိုတဲ့ အတ္တအောက်က လွတ်မြောက်နိုင်အောင် ကြိုးစားကြပါလို့ သတိပေးရင်း ...........။

0 comments:
Post a Comment