တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုထဲကို ဘယ်လိုရောက်လို့ရောက်ခဲ့မှန်း မသိခဲ့ပေမယ့် တပ်မတော်ထဲရောက်မှ တပ်မတော်ဆိုတာ နိုင်ငံနဲ့လူမျိုးကို ကာကွယ်ဖို့အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဆိုတာကို ပိုနားလည်ခဲ့ရတယ်။ စိတ်ထဲမှာ ရှိနေဲတာက မြန်မာဆိုတဲ့နိုင်ငံနဲ့ မြန်မာဆိုတဲ့လူမျိုးကို ကာကွယ်ရမယ်ဆိုတဲ့စိတ်ပါဘဲ။ ကာလည်းကာကွယ်ချင်တယ်။ တကယ်လည်း ကာကွယ်ခဲ့ပါတယ်။ နိုင်ငံနဲ့လူမျိုးအပေါ်အသက်စွန့်ပြီးကာကွယ်တာဆိုလို့ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုတည်း ရှိတာပါ။ အရမ်းချစ်ပါတယ်ဆိုတဲ့လူတောင် ကိုယ့်အသက်လောက်တော့ ဘယ်အရာကိုမှ ချစ်နိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် တပ်မတော်သားတစ်ယောက်ကတော့ တာဝန်ဆိုတဲ့ စကားတွေအောက်မှာ ၂၄ နာရီလုံးလုံး ထမ်းဆောင်နေရပါတယ်။ ကိုယ်ရေးကိုယ်တာဆိုတာကို အမြဲဘေးဖယ်ထားပြီး တာဝန်ကို ဦးစာပေးရင်း ဘ၀ကို ရှင်သန်နိုင်အောင် ကြိုးစားရင်း အသက်ရှင်နေတယ်။ တပ်မတော်သားဆိုတာကလည်း လူဘဲ၊


ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူတစ်ယောက်ဘဲလေ။ ဘယ်စစ်သားကမှ မွေးကတည်းက ယူနီဖောင်းလေးနဲ့ တာဝန်တွေနဲ့ မွေးမလာပါဘူး။ ဒါပေမယ့် တပ်မတော်ကို ဘာလို့အမြင်မကြည်ကြတာလဲ။ စဉ်းစားလို့ မရဘူး။


မြန်မာပြည်မှာ ရှိကြတဲ့ ပြည်သူပြည်သားတွေ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ဖို့ ငါတို့တပ်မတော်သားတွေ မအိပ်ဘဲ သေနတ်ကိုယ်စီနဲ့ ကင်းစောင့်နေကြတယ်။ အဲ့လိုကင်းစောင့်ရင်းနဲ့ဘဲ ဘ၀တွေကို ကုန်ဆုံးခံပေးနေကြတယ်။ ပြည်သူပြည်သားတွေ ငြိမ်းချမ်းစွာ အလုပ်လုပ်နိုင်ဖို့ ဒီသေနတ်တွေကိုင်ပြီး ကာကွယ်နေကြတာပါ။

စနေမသိ၊ တနင်္ဂနွေမရှိဘဲ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရတဲ့ တပ်မတော်သားတွေရဲ့ဘ၀ကို စာနာနားလည်မှု မပေးနိုင်တဲ့သူတွေက ရှိကြသေးတယ်။ တော်တော် တရားကျဖို့ကောင်းတယ်။

တောတောင်ထဲမှာ ကြုံသလိုအိပ်၊ ဖြစ်သလိုစားပြီး နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့အစည်း၊ အမိန့်တစ်ခုအောက်မှာ အသက်ကို ပဓာနမထားဘဲ အကောင်းဆုံးဖြစ်အောင် ဆောင်ရွှက်နေတဲ့ အဖွဲ့အစည်း မြန်မာနိုင်ငံမှာ နှစ်ခုမရှိပါဘူး။ ချစ်သူ၊ ခင်သူတွေကို ပစ်ပြီး တောတောင်ထဲမှာ ပင်ပန်းဆင်းရဲခံပြီး နိုင်ငံတော်ကို ကာကွယ်နေတာ တပ်မတော်ပါ။

တပ်မတော်သားဆိုတာကလည်း သာမာန်လူတစ်ယောက်ပါပဲ။ ခံစားတတ်တဲ့ နှလုံးသားရှိတယ်။ ပျော်စရာရှိရင်ပျော်ချင်တယ်။ သူများတွေလို အေးဆေးနေချင်တယ်။ ဒါပေမယ့် စစ်သားတွေ ဘယ်မှာ ပျော်ရွှင်ခွင့်ရကြလဲ။ စာဖတ်သူများ သေချာစဉ်းစားကြည့်လိုက်ပါ။ ပြည်သူတွေပျော်ရွှင်ဖို့အတွက် အပျော်ဆိုတဲ့ ခံစားချက်နေရာမှာ တာဝန်ဆိုတဲ့ လုပ်ဆောင်မှုတွေနဲ့ပဲ အစားထိုးခဲ့ရတာတွေ များပါတယ်။

Next
This is the most recent post.
Previous
Older Post

0 comments:

Post a Comment

 
ရိုးမပြည် © 2013. All Rights Reserved. Powered by Blogger
Top