မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံ၏  အစိတ်အပိုင်းတစ်ခုအဖြစ်သာမက ကျောရိုးသဖွယ် ဖြစ်တည်နေခဲ့သည်။ မြန်မာ့တပ်မတော်ဟာ အရှေတာင်အာရှနိုင်ငံမှာ ဗီယက်နာမ်တပ်မတော်ပြီးရင် ဒုတိယအကြီးဆုံးအဖြစ် ရပ်တည်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်မှာ တပ်မတော်သားပေါင်း ၄သိန်း ကိုးသောင်း နှစ်ထောင်ရှိပါတယ်။မြန်မာ့တပ်မတော်ဟာ စစ်ထိုးခြင်းကို ကျွမ်းကျင်ပိုင်နိုင်ပြီး ကြမ်းတမ်းတဲ့မြေ အနေအထားတွေမှာလည်း စစ်တိုက်နိုင်အောင် လေ့ကျင့်ပေးထားပါတယ်။


မြန်မာ့တပ်မတော် သမိုင်း

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ သူရဲကောင်းအာဇာနည် ရဲဘော်သုံးကျိပ်တို့ဟာ (၁၉၄၁) ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) ကို စတင်ဖွဲ့စည်းတည်ထောင် ခဲ့ရာမှ ဗမာ့ ကာကွယ်ရေးတပ်မတော် (BDA) ဗမာ့အမျိုးသားတပ်မတော် (BNA) ဗြိတိသျှနယ်ချဲ့တို့ အခေါ်အဝေါ်အရ မျိုးချစ်တပ်မတော် (PBF) ရယ်လို့ တစတစ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၎င်းတပ်မတော်သုံးရပ်ရဲ့ ဦးစီးခေါင်းဆောင် စစ်သေနာပတိဟာ တပ်မတော်ရဲ့ မူလ ပထမ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်ခဲ့ပါသည်။

သမိုင်းအစဉ်အလာအရ ဖခင်ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် ရဲဘော်သုံးကျိပ်ဝင် စစ်ခေါင်းဆောင်တို့ရဲ့ ၀ါစဉ်ဟာ ဗိုလ်လင်္ကျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေ၀င်း စသည်ဖြင့် ရှိခဲ့သည်။ (၁၉၄၅) ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့မှာ ကန္ဒီစာချုပ်အရ အမြဲတမ်း တပ်မတော်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်မှထွက်ပြီး နိုင်ငံရေးလောကသို့ ကူးပြောင်းသွားခဲ့ပါသည်။ ရဲဘော်သုံးကျိပ်ဝင် သူရဲကောင်း (၆) ဦးသာ အမြဲတမ်းတပ်မတော်မှာ စစ်မှုဆက်ထမ်းခဲ့ကြသည်။သခင်ထွန်းအုပ်ရဲ့ မေတ္တာရပ်ခံချက်အရ ဗိုလ်နေ၀င်းဟာ အမြဲတမ်းဗမာ့တပ်မတော်မှာ ဗိုလ်လင်္ကျာပြီးလျှင် နံပါတ်(၂)နေရာမှာ ရခဲ့ပြီး ဗိုလ်ဇေယျက နံပါတ် (၃) နေရာရခဲ့သည်။ 


 ရာထူးအဆင့်အခေါ်အဝေါ်များ


စဉ် မြန်မာ အင်္ဂလိပ်
ဗိုလ်ချုပ်မှူးကြီး  Senior General
ဒုတိယဗိုလ်ချုပ်မှူးကြီး   Vice Senior General
ဗိုလ်ချုပ်ကြီး  General
ဒုတိယ ဗိုလ်ချုပ်ကြီး  Lieutenant General
ဗိုလ်ချုပ်  Major General
ဗိုလ်မှူးချုပ်  Brigadier General
ဗိုလ်မှူးကြီး  Colonel
ဒုတိယ ဗိုလ်မှူးကြီး  Lieutenant Colonel
ဗိုလ်မှူး  Major
၁၀ ဗိုလ်ကြီး  Captain
၁၁ ဗိုလ်  Lieutenant
၁၂ ဒုတိယ ဗိုလ်  Second Lieutenant
၁၃ အရာခံ ဗိုလ် Warrant Officer I
၁၄ ဒုတိယအရာခံ ဗိုလ် Warrant Officer II
၁၅ တပ်ခွဲ တပ်ကြပ်ကြီး  Quarter Master Sergeant
၁၆ တပ်ကြပ်ကြီး  Sergeant
၁၇ တပ်ကြပ်  Corporal
၁၈ ဒုတပ်ကြပ်  Lance Corporal
၁၉ တပ်သား  Private

0 comments:

Post a Comment

 
ရိုးမပြည် © 2013. All Rights Reserved. Powered by Blogger
Top